Powered by Blogger.

ချယ်လ်ဆီးက PSG နောက်ခံလူ Marquinhos ကို ပစ်မှတ်ထားနေ





ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့ ဖရိုဖရဲဖြစ်နေတဲ့ နောက်တန်းအတွက် နာမည်ကျော် နောက်ခံလူတွေကို ခေါ်ယူသွားဖို့ရှိတယ်လို့ သိရပါတယ်။ နည်းပြ Mourinho ဟာ သူတို့ရဲ့ အားနည်းနေတဲ့ နောက်တန်းအတွက် Marquinhos , John Stones တို့ကို တောက်လျှောက်စောင့်ကြည့်နေပြီး လာမယ့် ဇန်နဝါရီမှာ အရခေါ်ယူသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရတာပါ။


Marquinhos ဟာ PSG အသင်းမှာ Thiago Silva , David Luiz တို့နောက်မှသာ  ကစားနေရပြီး  ပွဲထွက်ကစားသမားအဖြစ် ကစားလို့ရတဲ့  အသင်းကိုပြောင်းရွှေ့နေချင်တယ်လို့လည်း  သိရပါတယ်။သူ့ကိုတော့ ချယ်လ်ဆီးက အဓိက စိတ်ဝင်စားလျက်ရှိနေပြီး အဲဗာတန်နောက်ခံလူ Stones ကို ကမ်းလှမ်းမှုဟာ  အကြိမ်ကြိမ်ပယ်ချခံနေရလို့  အခြားနောက်ခံလူတွေကို ပြောင်းပြီး ပစ်မှတ်ထားနေရတာပါ။ 


ချယ်လ်ဆီးဟာ အသက်အရွယ်အရ အကျပိုင်းကို ရောက်နေတဲ့ John Terry နဲ့  Branislav Ivanovic တို့ရဲ့ နေရာမှာ အရည်အသွေးပြည့်မီတဲ့ နောက်ခံလူတစ်ယောက်ကို ခေါ်ယူလိုနေတာပါ။ အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Marquinhos ဟာ ကိုရင်သီယန်(၂၀၁၁-၂၀၁၂) ၊ ရိုးမား (၂၀၁၂-၂၀၁၃) တို့မှာ ကစားခဲ့ဖူးပြီး ကောင်းမွန်တဲ့ ခြေစွမ်းတွေကြောင့် PSG အသင်းက ပေါင် ၃၁ သန်းနဲ့ ခေါ်ယူခဲ့တာပါ။


Marquinhos ကိုတော့ ချယ်လ်ဆီးအသင်းအပြင် ဘာစီလိုနာအသင်းကလည်း စိတ်ဝင်စားနေပြီး သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ လောက် အသုံးပြုရဖွယ်ရှိတယ်လို့ မီဒီယာတွေက ခန့်မှန်းမှုတွေ ပြုလုပ်နေကြပါတယ်။


(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : ibtimes.com.au
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment