မန်ယူအသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား Mata ဟာ စက်တင်ဘာလအတွက် Player Of The Month ကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။ ညာတောင်ပံကနေ အသင်းရဲ့ တိုက်စစ်လမ်းကြောင်းတွေ ဖွင့်ပေးနိုင်ခဲ့တဲ့ Mata ဟာ သူပါဝင်ခဲ့တဲ့ ခြောက်ပွဲမှာ အသင်းကို ငါးပွဲအထိအနိုင်ရအောင် စွမ်းဆောင်ကစားပေးနိုင်ခဲ့ပြီး တိကျတဲ့ ဘောလုံးဖြန့်ဝေမှုတွေက အသင်းကို အကျိုးပြုခဲ့တာပါ။
ဒီအသက်၂၇နှစ်အရွယ်ကစားသမားဟာ ဆောက်သမ်တန် ၊ ဆန်းဒါးလန်း ၊ ဝုလ်ဖ်ဘတ်အသင်းတို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဂိုးတွေသွင်းယူနိုင်ခဲ့ပြီး ဝုလ်ဖ်ဘတ်အသင်းနဲ့ ပွဲမှာ Smalling ကို နောက်ပြန်ဖနောင့်ကန်ချက်နဲ့ ဂိုးရဖို့ထောက်ပံ့ပေးခဲ့တာတွေက ရင်သပ်ရှုမောစရာ ဖြစ်ခဲ့ရပါတယ်။
Mata ရဲ့ ဒီဆုဟာ မန်ယူအသင်းမှာ လေးကြိမ်မြောက်ရယူနိုင်ခဲ့တာဖြစ်ပြီး ယခင်နှစ် ဖေဖော်ဝါရီ ၊ ဧပြီ နဲ့ ယခုနှစ် မတ်လတွေမှာလည်း ရရှိခဲ့ဖူးတာပါ။Mata ဟာ ပရိတ်သတ်တွေရဲ့ မဲ ၄၄ ရာခိုင်နှုန်းကို ရရှိခဲ့ပြီး သူအဓိက ပြိုင်ဆိုင်ခဲ့ရတဲ့ လူငယ်တိုက်စစ်မှူး Martial က မဲ ၄၂ ရာနှုန်းကို ရရှိခဲ့ပါတယ်။ တတိယနေရာမှာတော့ အသင်းနောက်ခံလူ Smalling က မဲ ၁၄ ရာခိုင်နှုန်းရရှိခဲ့ပြီး နောက်တန်းကို အကောင်းဆုံးဦးဆောင်နိုင်ခဲ့တာ ဖြစ်တဲ့အတွက်ကြောင့်လို့ သိရပါတယ်။
(Paing A K)
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : manutd.com
0 comments :
Post a Comment