Powered by Blogger.

မန်ယူရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ကြောင်း Neymar ရဲ့ ဖခင်ဝန်ခံ



ဘရာဇီးအသင်းရဲ့ ခေါင်းဆောင်ဖြစ်သူ Neymar ဟာ ဘာစီလိုနာအသင်းမှာ ဆက်ရှိမရှိအနာဂတ်နဲ့ ပတ်သက်ပြီး လှုပ်ခတ်နေသူပါ။
သူဟာ မန်ယူအသင်းရဲ့ ကြိုးပမ်းမှုကို လက်ခံရရှိခဲ့ပါတယ်လို့ သူကဖခင်က ဝန်ခံခဲ့တာပါ။ ဒါကြောင့် Neymar ရဲ့အလှုပ်ခတ်ဆုံးဖြစ်နေခဲ့ပြီး သူ့ကို မန်ယူအပါအဝင် ရီးရဲလ်မက်ဒရစ် ၊ ချယ်လ်ဆီးနဲ့ PSG လို အသင်းကြီးတွေက စောင့်ကြည့်နေပါတယ်။

Neymar ရဲ့  ဖခင်ရဲ့ ပြောကြားချက်အရတော့ မန်ယူအသင်းဟာ Neymarကို အစောဆုံးကမ်းလှမ်းခဲ့ပြီး ကစားသမားကိုယ်တိုင်ရော ကလပ်အသင်းကပါစိတ်ဝင်စားခြင်းမရှိတာကြောင့် ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။ Neymar ဟာ ကာလရှည်စာချုပ်ချုပ်ဆိုဖို့ ဆွေးနွေးလျက်ရှိနေပြီး ၂၀၁၆ ရောက်မှ အပြီးသတ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ Neymar ဟယာ ဘာစီလိုနာအသင်းမှာ ကစားရတာကို ငြီးငွေ့နေပြီး ကမ္ဘာကျော်တွေ စုစည်းနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းကစားချင်မိတယ်လို့ တရားဝင်ဖွင့်ဟထားတာပါ။

ဒီလိုအနာဂတ်လှုပ်ခတ်နေမှုကို မန်ယူအသင်းက အခွင့်ကောင်းယူပြီး ကြားဝင်ကမ်းလှမ်းခဲ့တာပါ။ ဒါပေမယ့် ကစားသမားကိုယ်တိုင်က မန်ယူအသင်းကို စိတ်မဝင်စားတာကြောင့် ခေါ်ယူနိုင်ဖို့ အခွင့်အရေးနည်းပါးသွားတာပါ။
သူရဲ့ အနာဂတ်ကိုတော့ သူကိုယ်တိုင်ဆုံးဖြတ်မှာ ဖြစ်ပြီး စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေရင်တော့ အသင်းပြောင်းဖို့ သေချာသလောက်ရှိနေတာပါ။ ဒါ့ကြောင့် ဒီလိုအရည်အသွေးမြင့် ကစားသမားကို ခေါ်ယူဖို့ ဥရောပအသင်းကြီးတွေက စောင့်ကြည့်လျက်ရှိနေတာပါ။

ဒါပေမယ့် ဘာစီလိုနာကတော့ Neymar ကို စာချုပ်သက်တမ်းတိုးဖို့ အစွမ်းကုန်ကြိုးစားနေပြီး လာမယ့် ၂၀၁၆ အပြောင်းအရွှေ့ Neymar ရဲ့ အနာဂတ်ဟာ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာတော့ ဘယ်သူကမှ အတိအကျ မပြောနိုင်သေးဘူးလို့ သိရပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment