Powered by Blogger.

မြန်မာက လာအိုကို သုံးဂိုး တစ်ဂိုးနဲ့ အနိုင်ရ

၂ဝ၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲအဖြစ် မြန်မာ အသင်းနှင့် လာအိုအသင်းတို့ဟာ မနေ့ညနေပိုင်းက မြန်မာအသင်း အိမ်ကွင်းပွဲစဉ်အဖြစ် ဘန်ကောက်မြို့ ရှိ ဆူပါချာလာစိုင်းကွင်း၌ ယှဉ်ပြိုင် ကစားသည်။
 
မြန်မာ -သုံးဂိုး 
လာအို - တစ်ဂိုး
 
လက်ရှိယှဉ်ပြိုင်နေသည့် ကမ္ဘာ့ ဖလားခြေစစ်ပွဲနှင့် ၂ဝ၁၅ အတွင်း ယှဉ်ပြိုင်နေသည့် နိုင်ငံတကာ ခြေစမ်း ပွဲများတွင် နိုင်ပွဲမရသေးသည့် မြန်မာ့ လက်ရွေးစင်အသင်းအတွက် ပထမဆုံး နိုင်ပွဲဖြစ်ခဲ့သည်။ မြန်မာအသင်းမှာ ယခုပွဲတွင် လာအိုအသင်းကို ခြေအသာ ဖြင့် ကစားနိုင်ခဲ့ပြီး ဦးဆောင်ဂိုး ပေးခဲ့ရသော်လည်း နိုင်ပွဲရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
 
မြန်မာအသင်းသည် လက်ဘနွန် အသင်းနှင့်ကစားခဲ့သည့် ပွဲထွက် လူစာရင်းကို ခြောက်ဦးအထိ အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ကျော်ဇင် ဖြိုး(ဂိုး)၊ ကျော်ဇင်လွင်၊ အောင်ဇော်၊ ဇော်မင်းထွန်း၊ ခင်မောင်လွင်၊ ရန်အောင် ကျော်၊ ရဲကိုဦး၊ လှိုင်းဘိုဘို၊ အောင်သူ၊ ကျော်ကိုကို၊ ဆောင်လမန်တို့ဖြင့် ပွဲထွက်ခဲ့သည်။ ပွဲအစတစ်မိနစ်မှာပင် မြန်မာအသင်း မထင်မှတ်ဘဲ ဂိုးပေးခဲ့ ရပြီး ဆာရာမူသီက လာအိုအတွက် ဂိုးစတင်သွင်းယူပေးခဲ့သည်။ ဂိုးပေး လိုက်ရ၍ မြန်မာအသင်း ချေပဂိုးရရှိ ရန် တရစပ်ကြိုးပမ်းလာခဲ့ပြီး ၁၃ မိနစ်တွင် ဂိုးပြန်ရခဲ့သည်။ အဆိုပါ ချေပဂိုးကို ယခုပွဲ၌ တိုက်စစ်မှူးအဖြစ် ကစားခဲ့သည့် ဆောင်လမန်က သွင်းယူ ခဲ့သည်။ ချေပဂိုးရပြီး နောက်ပိုင်းတွင် မြန်မာအသင်း၏ ပွဲဖြစ်သွားခဲ့ပြီး စိတ်ကြိုက်ဖိကစားနိုင်ခဲ့သည်။
 
၃၁ မိနစ်တွင် မြန်မာအသင်း ဒုတိယဂိုးရခဲ့ပြီး တောင်ပံကစားသမား ကျော်ကိုကိုက သွင်းယူခဲ့ကာ ပထမ ပိုင်းအပြီးတွင် နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရနေသည်။ ဒုတိယပိုင်းအစ တွင်လည်း မြန်မာအသင်းကသာ ဆက်လက်ဖိကစားနိုင်ခဲ့ပြီး ရန်အောင် ကျော်၏ ကန်ချက်မှာတိုင်ထိထွက်ခဲ့ သော်လည်း မိနစ် ၅ဝ တွင် တတိယ ဂိုးရခဲ့သည်။ ယင်းဂိုးကို မြန်မာ အသင်းအတွက် ခြေစွမ်းပြကစားနေ သည့် အောင်သူကသွင်းယူပေးခဲ့ သည်။ ယင်းနောက်ပိုင်းတွင် မြန်မာ အသင်းက ပွဲကိုထိန်းကစားသွားခဲ့ပြီး လာအို အသင်းအခွင့်အရေးပြန်လည် ရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့ပေ။
 
ယခုပွဲအပြီးတွင် မြန်မာအသင်းက ငါးပွဲကစား တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ သုံးပွဲရှုံး လေးမှတ်ဖြင့် အဆင့်လေး နေရာတွင် ရပ်တည်နေသည်။
 
သတင်း -ရှိုင်းထက်ဇော် 
ဓာတ်ပုံ - MFF
Featured News: 

Credit : MOI
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment