Powered by Blogger.

လန်ဒန်သားတို့ လက်နက်ချခဲ့ရပြီး Lewandowski သူရဲကောင်းဖြစ်ခဲ့ပြန်တဲ့ ချန်ပီယံလိဂ်ပွဲပြီး သုံးသပ်ချက်




ဘာစီလိုနာနဲ့ လေဗာကူဆင်ပွဲမှာတော့ နျူးကမ့်ကွင်းမှာ ဘာစီလိုနာက နောက်ကလိုက်ကစားခဲ့ရပြီး နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ယူခဲ့ပါတယ်။

မက်ဆီမပါဝင်နိုင်ခဲ့တဲ့ ဘာစီလိုနာက ပွဲချိန် ၂၂ မိနစ်မှာ ဧည့်သည်အသင်းရဲ့ ဦးဆောင်မှုကို ခံခဲ့ရပြီး  Papadopoulos က သွင်းယူပေးခဲ့တာပါ။ ဒါပေမယ့် Sergi Roberto က ချေပဂိုးပြန်လည်သွင်းယူပေးခဲ့ပြီး အနိုင်သေချာစေမယ့်ဂိုးကို ဆွာရက်ဇ်က သွင်းယူပေးခဲ့တာကြောင့် ဇယားထိပ်မှာ ဦးဆောင်နေခဲ့ပါတယ်။

နောက်တစ်ပွဲမှာတော့ ရိုးမားအသင်းကို ဘိုရီဆော့ဗ်အသင်းကို သုံးဂိုးနှစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဘီလာရုစ်ချန်ပီယံတွေဟာ  ရိုးမားအသင်းကို မိနစ်သုံးဆယ်မှာတင် သုံးဂိုးသွင်းခဲ့တာပါ။ ပွဲချိန်ကြာမှ ကစားကွက်ပြန်ငြိမ်လာတဲ့ ရိုးမားက Gervinho နဲ့  Torosidis တို့က ချေပဂိုးကိုပြန်လည် သွင်းယူပေးခဲ့လို့သာ ဂိုးပြတ်မရှုံးခဲ့တာပါ။

ဘိုင်ယန်မြူးနစ်နဲ့ ဒိုင်နမိုဇာဂရက်ဘ်တို့ပွဲမှာတော့ ဘိုင်ယန်က  Lewandowski ရဲ့ ဟက်ထရစ်ဂိုးနဲ့  အလွယ်တကူပဲ အနိုင်ယူခဲ့တာပါ။ အဲ့ဒီပွဲမှာတော့ အကောင်းဆုံးပုံစံနဲ့ ဘိုင်ယန်က ငါးဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြန်ပါတယ်။

အာဆင်နယ်အသင်းကတော့ အိမ်ကွင်းမှာ အိုလံပီယာကော့စ်အသင်းကို အပြန်အလှန်သွင်းဂိုးတွေနဲ့ အရှုံးပေးခဲ့ရတာပါ။ Felipe Pardo က အိုလံပီယာကော့စ်အတွက် ဦးဆောင်ဂိုးကို  သွင်းယူခဲ့ပြီး နှစ်မိနစ်အကြာမှာတော့ Walcott က ချေပဂိုးပြန်လည်သွင်းယူပေးခဲ့တာပါ။ ဒါပေမယ့် ဂိုးသမား Ospina ရဲ့ အမှားကနေ ဒုတိယဂိုးကို ပေးလိုက်ရပြီး ဆန်းချက်က ခေါင်းတိုက်ဂိုးနဲ့ ချေပပေးခဲ့ပေမယ့် လူစားဝင်ကစားသမား  Finnbogason  က အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။

ပေါ်တိုအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ ပွဲစဉ်မှာတော့ ချယ်လ်ဆီးဟာ ပုံစံကောင်းကို မပြနိုင်ခဲ့ပဲ ပေါ်တူဂီမြေမှာ ခြင်္သေ့ပြာတို့ မဟိန်းဟောက်နိုင်ခဲ့ပါဘူး။ André André က ဦးဆောင်ဂိုးသွင်းခဲ့ပြီး Willian က ပြစ်ဒဏ်ဘောကနေ ချေပခဲ့ပေမယ့် ပေါ်တိုနောက်ခံလူ Maicon က အနိုင်ဖြစ်စေမယ့် ဂိုးကို ပွဲချိန် ၅၂ မိနစ်မှာ သွင်းယူပေးခဲ့တာပါ။

အခြားပွဲစဉ်တွေမှာတော့ စပိန်ထိပ်သီး ဗလင်စီယာက လိုင်ယွန်ကို အဝေးကွင်းမှာ အနိုင်ယူခဲ့ပြီင်္း ဇင်းနစ်အသင်းက ဂျန့်အသင်းကို နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

(Paing A K)

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : UEFA.com

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment