၉ မိနစ် အတွင်း ငါးဂိုးသွင်းခဲ့သည့် Lewandowski ဘွန်ဒက်စ်လီဂါသမိုင်းတွင် စံချိန်တင်
မနေ့ညကကစားခဲ့တဲ့ ဝုလ်ဖ်ဘတ်အသင်းနဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး Lewandowski ဟာ လူစားဝင်ပြီး ငါးဂိုးအထိသွင်းယူခဲ့ပါတယ်။ ဒါဟာ ဘွန်ဒက်စ်လီဂါသမိုင်းမှာ လူစားဝင်ပြီး ဂိုးအများဆုံးသွင်းတဲ့ ကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။
ပထမပိုင်းမှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဝုလ်ဖ်ဘတ်အသင်းရဲ့ ဖိအားပေးမှုတွေကို တောက်လျှောက်ခံခဲ့ရပြီး တန်ပြန်တိုက်စစ်တွေနဲ့သာ အချိန်ကုန်ခဲ့ရတာပါ။
ပွဲချိန် ၂၆မိနစ် အရောက်မှာတော့ Caliguiri က ဝုလ်ဖ်ဘတ်အသင်းအတွက် အဖွင်ဂိုးကို သွင်းယူခဲ့ပါတယ်။
ဒါကြောင့်နည်းပြ Guardiola က Thiago Alcantara ရဲ့နေရာမှာ Lewandowski ကို ဒုတိယပိုင်းအရောက်မှာ လူစားလဲကာ ထည့်သွင်းကစားစေခဲ့ပါတယ်။
Lewandowski ဟာ ဝင်လာပြီးနောက် ပွဲချိန် ၅၁ မိနစ်မှာ ချေပဂိုးကိုပိတ်သွင်းယူခဲ့ပြီး ဒုတိယဂိုးကို ၅၂ မိနစ်မှာ Douglas Costa ရဲ့ ဖန်တီးမှုကနေတစ်ဆင့်သွင်းယူခဲ့ပါတယ်။
တတိယဂိုးကိုတော့ ၅၅ မိနစ်မှာ ရှုပ်ယှက်ခတ်နေတဲ့ အနေအထားကနေရအောင် သွင်းယူခဲ့ပြီး စတုတ္ထဂိုးကို Douglas Costa ရဲ့ ဖန်တီးမှုကနေပဲ ၅၇ မိနစ်မှာ အပိတ်သွင်းယူခဲ့ပြီး နောက်ဆုံးဂိုးကိုတော့ ပွဲချိန်မိနစ် ၆၀ မှာ Mario Gotze မ တင်ပေးတာကို မြေမကျ ပတ်ကန်ခဲ့တာပါ။
စုစုပေါင်း ငါးဂိုးကို ကိုးမိနစ်အချိန်အတွင်းမှာ သွင်းယူခဲ့တဲ့ Lewandowski ကို နည်းပြ Guardiola က ချီးကျူးခဲ့ပြီး မှော်ဝင်သွားတဲ့ ခြေစွမ်းလို့ ဆိုသွားပါတယ်။
(Paing A K)
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Goal.com
0 comments :
Post a Comment