Powered by Blogger.

အင်္ဂလန် အသင်း Euro 2016 ပြိုင်ပွဲမှာ တိုက်စစ်မှုး ပြသနာ ကြုံတွေ့ရဖွယ်ရှိ




အင်္ဂလန် နည်းပြ Roy Hodgson ဟာ အင်္ဂလန် အသင်းအနေနဲ့ လာမယ့် နွေရာသီ မှာ ကျင်းပမယ့် Euro 2016 ပြိုင်ပွဲမှာ တိုက်စစ်မှုး ပြသနာ ကို ကြုံတွေ့ရဖွယ်ရှိတယ်လို့ ၀န်ခံပြောကြားခဲ့ပါတယ်။

Hodgson ရဲ့ ပြောကြားချက်အရတော့ အင်္ဂလန် တိုက်စစ်မှုး Danny Welbeck ဟာ ကာလကြာရှည် ကုသ အနားယူ ရမယ့် ဒူးခေါင်းဒဏ်ရာ ရရှိထားတာကြောင့် Euro 2016 ပြိုင်ပွဲ အမှီ ပြန်လည် ကောင်းမွန်လာဖို့ မဖြစ်နိုင်ဘူးလို့ သိရပါတယ်။

ဒါ့အပြင် လီဗာပူး အသင်းရဲ့ တိုက်စစ်မှုးလည်း ဖြစ်တဲ့ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှုး Daniel Sturridge ရဲ့ ကျန်းမာရေးမှတ်တမ်းဟာလည်း စိတ်ပူရတဲ့ အနေအထားမှာ ရှိနေတယ်လို့ အင်္ဂလန် အသင်း ရဲ့ ပဲ့ကိုင်ရှင် Roy Hodgson က အခိုင်အမာ ဆိုထားပါတယ်။

Welbeck ကတော့ ဧပြီလ ကတည်းက ဒူးခေါင်းဒဏ်ရာ ကြောင့် အနားယူနေခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ အပတ်ကပဲ ခွဲစိတ်ကုသမှု ခံယူခဲ့ရပါသေးတယ်။ အာစင်နယ်အသင်းဟာလည်း Welbeck ကို ခရစ်စမတ် ကာလ အထိ အနားယူခွင့်ပေးထားရတယ်လို့ သိရပါတယ်။ အင်္ဂလန် အသင်းရဲ့ ပဲ့ကိုင်ရှင်ကြီး Roy Hodgson ကတော့ Welbeck အနေနဲ့ အနည်းဆုံး ၆ လ ခန့်နားရလိမ့်မယ်လို့ အခိုင်အမာ ဆိုထားပါတယ်။

လက်ရှိ အင်္ဂလန် အသင်းရဲ့ တိုက်စစ်မှုး တွေဖြစ်ကြတဲ့ Theo Walcott ၊ Harry Kane နဲ့ Jamie Vardy တို့ ၃ ယောက်ကတော့ Welbeck နဲ့ Sturridge တို့ရဲ့ နေရာမှာ အစားထိုးသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment