Powered by Blogger.

ပရီးမီးယားလိဂ်တနင်္ဂနွေနေ့ပွဲများကို ရင်ခုန်ခံစားခြင်း





ပထမဆုံးအနေနဲ့ မန်ယူနဲ့ ဆောက်သမ်တန်တို့ရဲ့ ပွဲစဉ်ကို ခံစားကြည့်ချင်ပါတယ်။
ဒီပွဲက ဆောက်သမ်တန်အိမ်ကွင်းမှာ ကစားသွားမှာပါ။
ဆောက်သမ်တန်ရဲ့ တိုက်စစ်မှူး Pelle က အကောင်းဆုံးအနေအထားမှာရှိနေပြီး ယူရိုပါလိဂ်မှာ ဂိုးပြတ်နိုင်ပွဲတွေ ရယူထားပါတယ်။ အိမ်ကွင်းကောင်းတဲ့ အသင်းထဲမှာလည်းပါဝင်ပါတယ်။

မန်ယူကတော့  ကစားပုံသိသိသာသာ မတိုးတက်လာပေမယ့် လိုအပ်တဲ့နိုင်ပွဲတွေရယူထားနိုင်တယ်။
 Depay ကို တည်ကစားနေတာက သိသိသာသာ တိုးတက်မှုမရှိသေးပါဘူး။ Rooney ပြန်ပါလာရင်တော့ တိုက်စစ်ကကောင်းလာပါလိမ့်မယ်။ Martial က အတွေ့အကြုံနုနေသေးတယ်။ တိုက်စစ်ကို ဦးဆောင်နိုင်မယ့် အရည်အချင်းရဖို့  အများကြီး သင်ယူရအုံးမယ်။ Fellaini လို ကစားသမားတောင် တိုက်စစ်မှာ ကောင်းကောင်းကစားနိုင်တာ မဟုတ်ဘူး။
အဝေးကွင်းမှာမို့လို့ ပျော်ချင်ရင်တော့ ဆောက်သမ်တန်ကိုရွေးထားသင့်ပါတယ်။

နောက်တစ်ပွဲက လီဗာပူးနဲ့ နောဝစ်ခ်ျပါ။ လီဗာပူးလ်ကတော့ နောက်ပိုင်းပွဲတွေမှာ တော်တော်ရုန်းနေရတယ်။ Sturridge က အခုထက်ထိ အားကိုးလို့မရဘူး။ Coutinho ရဲ့ ဂိုးတွေကပဲ အသက်ဆက်ပေးနေတာ။

 နောဝစ်ခ်ျကတော့ ခြေစွမ်းက လီဗာပူးလိုပဲ။ ဒါပေမယ့် ရလဒ် အဆိုးစားကြီးထဲက မဟုတ်ဘူး။ လီဗာပူးက အစဉ်အလာအရတော့ အသာရခဲ့တာများတယ်။လီဗာပူးအိမ်ကွင်းအားနဲ့ အနိုင်ယူပြပါလိမ့်မယ်။

စပါးနဲ့ ခရစ္စတယ်ပဲလေ့စ်ပွဲကို လေ့လာကြည့်ရမယ်ဆိုရင် စပါးက ဆူးခင်းလမ်းကနေ ပန်းခင်းလမ်းကို ပြန်လာနေပြီလို့ ပြောလို့ရတယ်။ တိုက်စစ်မှူးသစ် Son Heung-min ရဲ့ခြေစွမ်းက အတော်ကောင်းပါတယ်။ တိုက်စစ်နဲ့ ကွင်းလယ် အချိတ်အဆက်ပြန်မိလာတယ်လို့ ထင်မိတယ်။

ခရစ္စတယ်ပဲလေ့စ်ကလည်း အဝေးကွင်းမှာ ချယ်လ်ဆီးလို အသင်းမျိုးကိုတောင် နိုင်ထားတယ်။
 Alan Pardew လက်ထက်မှာ စုဖွဲ့ကောင်းကောင်းနဲ့ မာမာထန်ထန် တုံ့ပြန်တတ်တယ်။ တန်ပြန်တိုက်စစ်ကစားတာ သေသပ်တယ်။ ပုံစံကောင်းရနေတဲ့ အသင်းပါ။ Puncheon, Bolasie, Zaha တို့က လျင်လျင်မြန်မြန်နဲ့ ဒုက္ခပေးတတ်တယ်။

စပါးကတော့ တစ်ဂိုးရဖို့တောင် မနည်းကန်ရမယ်ထင်တယ်။ ဒုက္ခပေးတတ်တဲ့ ခံစစ်ကို သေချာ မပြင်ဆင်ရင်တော့ ပဲလေ့စ်ရဲ့ တန်ပြန်တိုက်စစ်ကနေ ဂိုးတွေပေးလိုက်ရနိုင်တယ်။ပဲလေ့စ်ဘက်ကနေ သရေနဲ့ ထိုင်ထားရင် စိတ်ချရမယ်လို့ ထင်မိတယ်။

(Paing A K )

#သစ်ထူးလွင်(အားကစား)
#thithtoolwin.com

Ref : EPL

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment