စတာလင်ပေါင် သန်း ၅၀ ရရင် Kevin De Bruyne ကို ရောင်းမယ်လို့ ၀ုဖ်ဘတ်ဂ် အသင်းဆို
ဂျာမန် ဘွန်ဒက်လီဂါ အသင်း တစ်သင်းဖြစ်တဲ့ ၀ုဖ်ဘတ်ဂ် အသင်းဟာ မန်ချက်စတာစီးတီး အသင်းက စိတ်ဝင်စားနေတဲ့ ကစားသမား Kevin De Bruyne ကို ရောင်းချဖို့ အသင့်ဖြစ်နေပြီလို့ ထုတ်ပြန်လိုက်ပါတယ်။ ဒါပေမယ့် ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၅၀ ရမှ ရောင်းမှာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီး အသင်းကတော့ သူတို့အနေနဲ့ တိုက်စစ်မှုး Bruyne ကို ရနိုင်ဖို့အတွက် ၀ုဖ်ဘတ်ဂ် အသင်းက မီးစိမ်းပြလာတဲ့အတွက် ပိုမို ယုံကြည်မှု ရှိလာကြပါတယ်။
ဝုဖ်ဘတ်ဂ် အသင်းက ပြီးခဲ့တဲ့အပတ်မှာ တုန်းကတော့ ဘယ်လ်ဂျီယံသား တိုက်စစ်မှုး Bruyne ကို ရောင်းမှာ မဟုတ်ဘူးလို့ ချန်ပီယံ လိဂ် ခြေစစ်ပွဲ အပြီးမှာ ပြောပြခဲ့ပါတယ်။ အသင်းရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Klaus Allofs ကိုယ်တိုင် က Kevin De Bruyne ဟာ ရောင်းရန် မဟုတ်လို့ ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။
ဒါပေမယ့်လည်း ၀ုဖ်ဘတ်ဂ် အသင်းအတွက် ပထမဆုံးကြုံတွေ့လာရတဲ့အခက်အခဲကတော့ အသက် ၂၄ နှစ်အရွယ် ရှိ Bruyne ဟာ အသင်းနဲ့ စာချုပ်အသစ်ထပ်မံချုပ်ဆိုလိုတဲ့ ဆန္ဒမရှိတော့တာပါပဲ။ ချဲလ်ဆီးအသင်းရဲ့ ကစားသမား ဟောင်းတစ်ယောက်လည်းဖြစ်တဲ့ Bruyne ဟာ မန်ချက်စတာစီးတီး အသင်းကို ပြောင်းရွှေ့ပြီး ပရီးမီးယားလိဂ် မှာ ပြန်လည် ကစားလိုတာပဲ ဖြစ်ပါတယ်။ဒါကြောင့် စတာလင်ပေါင် သန်း ၅၀ ရရင် ရောင်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ရတာပဲ ဖြစ်ပါတယ်။
မန်စီးတီး အသင်းကတော့ ညှိုနှိုင်းမှုတွေရှိနိုင်တယ်လို့ ယုံကြည်နေပြီး အကယ်၍ ဆွေးနွေးမှု တွေအောင်မြင်ခဲ့ရင်လည်း ပြောင်းရွှေ့ကြေးက စတာလင်ပေါင် ၃၈ သန်း ၀န်းကျင်လောက်ထိ ဖြစ်သွားနိုင်ပါတယ်။
မန်ချက်စတာစီးတီး အသင်းဟာ တိုက်စစ် ကစားသမားတစ်ယောက်ဖြစ်တဲ့ Edin Dzeko ကို ရိုးမားအသင်းသို့ စတာလင်ပေါင် ၁၄ သန်း နဲ့ ရောင်းချပြီးတဲ့နောက်မှာ တိုက်စစ် အတွက် ကစားသမား တစ်ယောက် ပြန်လည် အစားထိုး ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။
( Mario )
#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com
Ref : Mirror
0 comments :
Post a Comment