Powered by Blogger.

၈ ရက်နေ့ည ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်များ သုံးသပ်ချက်




ဒီကနေ့ညမှာတော့ ဘောလုံးပရိတ်သတ်တွေ စိတ်ဝင်စားစောင့်စားနေတဲ့ ပရီးမီးယားလိဂ် ဘောလုံး ပြိုင်ပွဲကြီး ပြန်လည်စတင်မှာ ဖြစ်ပါတယ်။ ပြန်လည် စတင်တဲ့ နေ့မှာ ပဲ စိတ်ဝင်စားစရာကောင်းတဲ့ ပွဲစဉ်တွေလည်းပါဝင်နေပါတယ်။ ဘာပွဲတွေလည်းဆိုတာ ကို ကြည့်လိုက်ကြရအောင်။

မန်ချက်စတာယူနိုက်တက် Vs တော့တင်ဟမ်

မန်ယူ အသင်းရဲ့ နောက်ဆုံး ၆ ပွဲ ရလဒ်တွေအရတော့ ၃ ပွဲနိုင် ၂ ပွဲ သရေ နဲ့ ၁ ပွဲ ရှုံးထားတာကိုတွေ့ရပါတယ်။ တော့တင်ဟမ်အသင်းကတော့ ၃ ပွဲနိုင် ၂ ပွဲရှုံး ၊ ၁ ပွဲ သရေ ရလဒ်တွေရှိခဲ့ပါတယ်။ နောက်ဆုံး ၆ ပွဲ ရလဒ်တွေအရတော့ သိပ်မကွာလှပေမယ့်လည်း အပြောင်းအရွှေ့ကာလမှာ အလယ်တန်းအတွက် အထူးအားဖြည့်ထားတဲ့ မန်ယူ ဟာ အိမ်ကွင်းဖြစ်တဲ့ အိုးထရက်ဖို့ဒ်ကွင်းမှာ တော့တင်ဟမ် ကို ဂိုးသိပ်မကွာ ပဲ အနိုင်ရသွားမှာပါ။

ဘိုးမောက်သ် Vs အက်စတွန်ဗီလာ 

နောက်ဆုံး ၆ ပွဲရဲ့ ရလဒ်တွေကို နှိုင်းယှဉ်မယ်ဆိုရင်တော့ တန်းတက် အသင်းသစ် ဖြစ်တဲ့ ဘိုးမောက်သ် ဟာ နောက်ဆုံး ၆ ပွဲမှာ ရှုံးပွဲမရှိခဲ့ပါဘူး။ ဂိုးသွင်းအားလည်း ကောင်းခဲ့ပါတယ်။ အက်စတွန်ဗီလာ အသင်းကတော့ နောက်ဆုံး ၆ ပွဲမှာ ချစ်ကြည်ရေးပွဲစဉ်တွေအပါအ၀င် တစ်ပွဲသာ နိုင်ပွဲ ရှိခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲဟာ အက်စတွန်ဗီလာ အနေနဲ့ အရှက်ကွဲရဦးမယ့် ပွဲ ပဲ ဖြစ်နိုင်ပါတယ်။

အဲဗာတန် Vs ၀တ်ဖို့ဒ်

ဒီ ၂ သင်း ရဲ့ နောက်ဆုံး ၆ ပွဲ ရလဒ်တွေမှာလည်း အဲဗာတန် အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်မှာ ၀က်စ်ဟမ်းကို နိုင်ခဲ့တာကလွဲပြီး ကျန်တဲ့ပွဲတွေ အနိုင်မရခဲ့သေးပါဘူး။ တန်းတက်အသင်း ၀တ်ဖို့ဒ်ကတော့ နောက်ဆုံး ၆ ပွဲလုံး ရှုံးပွဲမရှိခဲ့တာကိုတွေ့ရပါတယ်။ တန်းတက်အသင်းလည်း ဖြစ် ၊ အဝေးကွင်းလည်း ဖြစ်နေတဲ့ အတွက် ၀တ်ဖို့ဒ် အနေနဲ့ အနိုင်ကန်ဖို့တော့မလွယ်ပါဘူး။ ဒီပွဲဟာ သရေမဟုတ်ရင်တောင် အဲဗာတန် ကပ်နိုင်မယ့် ပွဲပါ။

လန်ချက်စတာစီးတီး Vs ဆန်းဒါးလန်း

ဒီ ၂ သင်းကတော့ ခြေညီပါတယ်။ ၂ သင်းလုံး ကံကောင်းလို့ တန်းမဆင်းခဲ့ရတဲ့ အသင်းတွေပဲ ဖြစ်ပါတယ်။ ၂ သင်းလုံး ရဲ့ နောက်ဆုံး ၆ ပွဲ ရလဒ်တွေဟာလည်း ရှုံးပွဲ ၁ ပွဲစီသာ ရှိခဲ့ပြီးတူညီနေပါတယ်။ ဒါပေမယ့်လည်း ဂိုးသွင်းနိုင်မှု အပိုင်းမှာ လန်ချက်စတာစီးတီး အသင်းက သာနေတဲ့အတွက် အိမ်ရှင်ဖြစ်တဲ့ လန်ချက်စတာစီးတီး ဘက်က ကပ်နိုင်ဖို့ ရှိနေပါတယ်။

နော်ဝှစ်ခ်ျ စီးတီး Vs ခရစ္စတယ်ပဲလေ့စ်

နော်ဝှစ်ခ်ျစီးတီး အသင်းဟာ နောက်ဆုံး ၆ ပွဲမှာ ၂ ပွဲ ရှုံး ၊ ၃ ပွဲနိုင် ၊ ၁ ပွဲ သရေ ရလဒ်တွေရှိခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ်ကတော့ ၄ ပွဲရှုံးပြီး ၂ ပွဲနိုင်ထားပါတယ်။ ဒီပွဲမှာ နော်ဝှစ်ခ်ျစီးတီး က အိမ်ရှင်ဖြစ်ပေမယ့်လည်း ခရစ္စတယ်ပဲလေ့စ် ရဲ့ နောက်ဆုံး ၆ ပွဲက အသင်းကြီးတွေကို ပဲ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့တဲ့ အခြေအနေတွေရှိတဲ့အတွက် ဒီပွဲမှာ သရေမဟုတ်ခဲ့ရင် ခရစ္စတယ်ပဲလေ့စ် နိုင်ပါလိမ့်မယ်။

ချဲလ်ဆီး Vs ဆွမ်ဆီး

ဒီပွဲက အကောင်းဆုံး အဖွင့်ပွဲစဉ်ပါ။ ချဲလ်ဆီး အသင်းဟာ ချစ်ကြည်ရေးပွဲစဉ်တွေအများကြီးကစားထားတဲ့အတွက် နောက်ဆုံး ၆ ပွဲ ရလဒ်နဲ့တော့ ဆုံးဖြတ်လို့ ရနိုင်မှာ မဟုတ်ပါဘူး။ လက်ရှိချန်ပီယံ ချဲလ်ဆီး အသင်းဟာ တိုက်စစ်အပိုင်းမှာ အားနည်းချက်ရှိနေတာကိုတွေ့ရပါတယ်။ ဒူးကောက်ကြော ဒဏ်ရာရနေတဲ့ Diego Costa ကြောင့် တိုက်စစ်အားနည်းနေသလို ချဲလ်ဆီး အသင်းမှာ သင့်တော်တဲ့ ဂိုးသမားလည်း မရှိသေးပါဘူး။ ဆွမ်ဆီး အသင်းကတော့ မနှစ်ကတည်းက ခြေစွာလာတဲ့အတွက် ဒီပွဲဟာ သရေလောက်ပဲ ဖြစ်သွားနိုင်ပြီး အခန့်မသင့်ရင် ချဲလ်ဆီး အရှက်ကွဲနိုင်ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Barclays Premier League

Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment