Powered by Blogger.

ဒိုလေးရဲ့ အမာခံ ပရိတ်သတ်တစ်ယောက် အကြောင်း




ကျွန်ုပ်တို့သာ ရီးရဲမက်ဒရစ် တိုက်စစ်မှုး Cristiano Ronaldo လို ဘ၀ မျိုးကို ရမယ်ဆိုရင် ဘယ်လိုဖြစ်လိမ့်မလဲလို့ စိတ်ကူးယဉ်ကြည့်လို့ရပါတယ်။ သူဟာ ဂိုးတွေ အများကြီးသွင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်။ ဆုဖလားတွေ အများကြီး ကိုင်မြှောက်ခွင့်ရတယ် ။ နှစ်စဉ် ၀င်ငွေ သန်းနဲ့ချီပြီး ရှိတယ်။ ရုပ်ရည်ကလည်း ချောမောတယ်။

အခုတော့ ဒိုလေး ရဲ့ အမာခံ ပရိတ်သတ် ဆယ်ကျော်သက် ကောင်လေးတစ်ယောက် ဟာ စိတ်ကူးယဉ်ကြည့်တာ ထက် ပိုတဲ့ အဆင့်ကို ရောက်သွားပါပြီ။ သူဟာ စတာလင်ပေါင် ထောင်ပေါင်းများစွာကို သုံးစွဲပြီး ဒိုလေးလို ပုံစံမျိုး ဖြစ်လာဖို့ ပြောင်းလဲခဲ့ပါတယ်။

ဒိန်းမတ်နိုင်ငံ ၊ Odense မြို့မှာ နေထိုင်တဲ့ Shanta ဟာ သူ့ရဲ့ မျိုးရိုး အမည်ကိုလည်း များသောအားဖြင့် ရော်နယ်ဒို လို့ ရေးလေ့ရှိပြီး ဒိုလေး နဲ့ တွေ့ဆုံနိုင်ဖို့အတွက် ဒီနှစ်ထဲမှာတင် မက်ဒရစ် မြို့ကို ခရီး ၅ ခါ သွားခဲ့တယ်လို့ သိရပါတယ်။

အသက် ၁၇ နှစ်သာရှိသေးတဲ့ Shanta ဟာ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ဒိုလေး ရဲ့ ဖက်ရှင် အယူအဆတွေကို တစ်ထပ်တည်း ကူးယူ အသုံးချပြီး ဒိုလေး ၀တ်ခဲ့တဲ့ အ၀တ်အစားတွေကို လိုက်ဝယ်ခြင်း ၊ ဒိုလေး ရဲ့ ဘောလုံးဂျာစီများကို ၀ယ်ယူစုဆောင်းခြင်းနဲ့ ဒိုလေး ရဲ့ ဆံပင် ပုံစံ အတိုင်းလည်း လိုက်ညှပ်ခဲ့တယ်လို့ သိရပါတယ်။

"ကျွန်တော်သူ့လိုဘ၀မျိုးကိုရချင်တဲ့အကြောင်းအရင်းကတော့ သူဟာ ချမ်းသာ ၊ ကျော်ကြားပြီး ဘ၀တစ်ခုမှာ နေထိုင်နိုင်စွမ်းရှိလို့ပါ။ ကျွန်တော်သူနဲ့ အကြိမ်ပေါင်းများစွာ ဆုံခဲ့ဖူးပါတယ်။ သူဟာ ဘယ်လိုလူမျိုးလဲဆိုတာကို ပြောမပြတတ်တော့အောင်ပါပဲ" လို့ Shanta က ဆိုပါတယ်။

Shanta ရဲ့ ပြောပြချက်အရတော့ သူဟ ဒိုလေးကို လေးစား ရုံတင်မကပဲ အားကျတဲ့ အဆင့်အထိဖြစ်နေကြောင်း ၊ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ မိသားစု ၀င်တွေကလည်း သူ့ကို ခရစ္စတီယာနို ရော်နယ်ဒို ဟု ခေါ်ကြတယ်လို့လည်း သိရပါတယ်။ ဒိုလေးဟာ ၂၀၀၉ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက် အသင်းကနေ ရီးရဲမက်ဒရစ် အသင်းကို စံချိန် တင်ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၈၀ နဲ့ ပြောင်းရွှေ့ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment