Powered by Blogger.

၉ ရက်နေ့ည ပရီးမီးယားလိဂ် ပွဲစဉ်များသုံးသပ်ချက်




အာစင်နယ်  Vs ၀က်စ်ဟမ်း

ပရီးမီးယားလိဂ် ပွဲစဉ် တွေ ပြန်မစခင်ကတည်းက ဖလား ၃ လုံး ရထားပြီးဖြစ်တဲ့ အာစင်နယ် အသင်းဟာ လက်ရှိမှာ အကောင်းဆုံး ခြေစွမ်းကို ပြန်ရနေပြီဖြစ်ပါတယ်။ နောက်ဆုံး ၅ ပွဲ ရလဒ်တွေကို ကြည့်မယ်ဆိုရင်လည်း အာစင်နယ် အသင်းဟာ ရှုံးပွဲမရှိခဲ့ပါဘူး။ ၃ ပွဲနိုင်ပြီး ၂ ပွဲ သရေကျထားပါတယ်။ ၀က်စ်ဟမ်း ကတော့ ၂ ပွဲ နိုင် ၂ ပွဲ ရှုံး ၁ပွဲ သရေ ကျထားပါတယ်။ ပြီးတော့ အာစင်နယ် အိမ်ကွင်းလည်းဖြစ်နေတဲ့အတွက် ဒီပွဲဟာ အာစင်နယ် သေချာပေါက် အနိုင်ရမှာပါ။ ဂိုး ပြတ်မလား ကပ်နိုင်မလားဆိုတာပဲ စောင့်ကြည့်ရပါလိမ့်မယ်။

နယူးကာဆယ် Vs ဆောက်သမ်ပတန်

ဒီပွဲကတော့ ခြေ သိပ်မကွာ တဲ့ ပွဲစဉ်ပါ။ နောက်ဆုံးတွေ့ခဲ့တဲ့ အချိန်တုန်းကတော့ ဆောက်သမ်ပတန် အသင်းက ၂ဂိုး-၁ဂိုး နဲ့ နယူးကာဆယ် အသင်းကို အနိုင်ရထားပါတယ်။ နောက်ဆုံး ၅ ပွဲရလဒ်မှာတော့ နယူးကာဆယ်အသင်းဟာ ၃ပွဲရှုံး ၁ပွဲနိုင် ၁ပွဲ သရေ ရလဒ်တွေရှိထားပြီး  ဆောက်သမ်ပတန် အသင်းကတော့ ၃ ပွဲ နိုင် ၂ ပွဲ ရှုံးထားပါတယ်။ ဒီ ရလဒ်တွေ အရတော့ ဒီပွဲလည်း ဆောက်သမ်ပတန် ပဲ အနိုင်ရဦးမှာပါ။

စတုတ်စီးတီး Vs လီဗာပူး

ဒီပွဲကတော့ လီဗာပူး ရှုံးကြွေးဆပ်ရမယ့် ပွဲပါ။ နောက်ဆုံး တစ်ကြိမ်တွေ့ခဲ့တုန်းကတော့ လီဗာပူး အသင်းဟာ စတုတ်စီးတီး အသင်းကို ၆ဂိုး - ၁ဂိုး နဲ့ ရှုံးနိမ့်ထားပါတယ်။ နောက်ဆုံး ၅ ပွဲရလဒ်တွေမှာလည်း လီဗာပူး က အခြေအနေဆိုးထားခဲ့ပါတယ်။ ဒါက မနှစ်ကအခြေအနေပါ။ ဒီရလဒ်တွေ အတွက်လည်း လီဗာပူးက ပြင်ဆင်မှု တစ်ချို့ကိုတော့ လုပ်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီပွဲကို အလွယ်တကူ တော့ လီဗာပူး မနိုင်နိုင်ပါဘူး။ တော်တော်လေးတော့ ကြိုးစားရမှာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : BBC Sport
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment