Powered by Blogger.

ချဲလ်ဆီးအသင်းနဲ့ Radamel Falcao တို့အကြား ပုဂ္ဂိုလ်ရေး သဘောတူညီမှုရရှိ




Radamel Falcao ဟာ ချဲလ်ဆီးအသင်းနဲ့ ပုဂ္ဂိုလ်ရေးဆွေးနွေးရာမှာ သဘောတူညီမှု ရရှိသွားပြီဖြစ်ပါတယ်။

ဒါကြောင့် ချဲလ်ဆီး အသင်းအနေနဲ့ အသက် ၂၉ နှစ်အရွယ် ကိုလံဘီယာ နိုင်ငံသား တိုက်စစ်မှုး Falcao ကို ခေါ်ယူဖို့အတွက် မိခင်ကလပ် အသင်းဖြစ်တဲ့ မိုနာကို အသင်းနဲ့ ပြောင်းရွှေ့ကြေးဆိုင်ရာ ငွေကြေး ကိစ္စတွေမှာ ဆက်လက်ဆွေးနွေးသွားဖို့သာ ကျန်တော့မှာပါ။

ချဲလ်ဆီးအသင်းဟာ Falcao ကို နှစ်ရှည် အငှားစာချုပ်နဲ့သာ ခေါ်ယူချင်နေတာဖြစ်ပြီး အမြဲတမ်းအတွက် သေချာတဲ့ သဘောတူညီမှု တော့ ဆွေးနွေးမှု ရလဒ်တွေမှာပါဝင်လာခြင်းမရှိပါဘူး။ ဒါပေမယ့် မိုနာကို အသင်းကတော့ မန်ယူက Falcao ကို အငှားစာချုပ် ပြည့်သွားပေမယ့် စာချုပ်ချုပ် မခေါ်ယူခဲ့တဲ့နောက်မှာ ပိုမိုကောင်းမွန်တဲ့ သဘောတူညီမှုတွေကိုသာ လိုချင်နေပါတယ်။

Falcao ရဲ့ လက်ရှိ လုပ်အားခမှာ တစ်ပတ်ကို စတာလင်ပေါင် ၂၆၅,၀၀၀ ပေါင် ခံစားခွင့်ရှိနေပေမယ့်လည်း သူဟာ လုပ်အားခ ဖြတ်တောက်ခံရဖို့ကလည်း သဘောတူထားပါတယ်။ အကြောင်းအရင်းကတော့ Falcao ဟာ ပရီးမီးယားလိဂ်မှာ ပဲ ဆက်လက်တဲ့ ကစားလိုတဲ့ ဆန္ဒရှိနေပြီး လန်ဒန်ကို ပြောင်းဖို့ ကြိုးစားနေတဲ့အတွက် ဖြစ်တယ်လို့ Mirror သတင်းဌာန က မတ်လကတည်းက ဖော်ပြခဲ့ဖူးပါတယ်။

မိုနာကို အသင်းကတော့ ချဲလ်ဆီးအသင်းကို Falcao အတွက် ငှားရမ်းခ များများပေးဖို့ နဲ့ နောက်နှစ်မှာ စတာလင်ပေါင်သန်း ၃၀ နဲ့ Falcao ကို ခေါ်ယူဖို့အတွက် ဖိအားတွေပေးနေတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sport.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment