Powered by Blogger.

၂၀၁၅ ဆီဂိမ်း ဘောလုံးပြိုင်ပွဲ ရဲ့ အထက်မြက်ဆုံး ကစားသမားများ ( ၂ )

Chananan Phombubpha 

အသက် - ၂၃ / ကျောနံပါတ် - 23
နိုင်ငံ - ထိုင်း / ကလပ် - Muangthong United



အသက် ၂၃ နှစ်အရွယ် Muangthong United ကလပ် အသင်းရဲ့ တိုက်စစ်မှုး Chananan Phombubpha ဟာ ဆီးဂိမ်းအတွက် ထိုင်း အသင်းရဲ့ အဖွင့်ပွဲစဉ်မှာ လာအို အသင်းကို ၄ ဂိုးတိတိ သွင်းယူနိုင်ခဲ့သူပဲ ဖြစ်ပါတယ်။

အနောက်ကနေပံ့ပိုးပေးမယ့် ထိုင် အသင်း ရဲ့ အလယ်တန်းကစားသမား Chanathip Songkrasin ရဲ့ ကစားကွက် ဖန်တီးပေးမှု တွေရှိနေသရွေ့တော့ Chananan Phombubpha က  ဂိုးတွေ ဆက်တိုက်သွင်းနိုင်နေဦးမှာပါ။ လေထဲက ဘောလုံးကို ဂိုးဖြစ်အောင်ဖန်တီး နိုင်မှု အားကောင်းသလို မြေပြင်ပေါ်မှာလည်း တိကျတဲ့ ကန်ချက်တွေရှိတဲ့ Chananan ဟာ လက်ရှိကျင်းပနေတဲ့ ၂၀၁၅ ဆီဂိမ်းပြိုင်ပွဲမှာ ပထမဆုံး ဂိုးသွင်းအများဆုံး ဖြစ်လာခဲ့သူဆိုလည်း ဟုတ်ပါတယ်။


Evan Dimas

အသက် - ၂၀ / ကျောနံပါတ် - 6
နိုင်ငံ - အင်ဒိုနီးရှား / ကလပ် - Persebaya Surabaya



အင်ဒိုနီးရှား ယူ-၁၉ အသင်းမှာ ခြေစွမ်းပြခဲ့ပြီးတဲ့နောက် Evan Dimas ဟာ စင်္ကာပူမှာ ကျင်းပတဲ့ ၂၈ ကြိမ် မြောက် ဆီးဂိမ်း ပြိုင်ပွဲမှာ အသင်းရဲ့ အဓိက နေရာက ပါဝင်လာပါတယ်။ အာရှဘောလုံး အဖွဲ့ချုပ်ရဲ့ ယူ-၁၉ ခြေစစ်ပွဲ တစ်ခုမှာ တောင်ကိုရီးယား ယူ-၁၉ အသင်းကို ဟက်ထရစ် (၃ဂိုးဆက်တိုက်) သွင်းယူပြီး လူသိများလာခဲ့သူလည်း ဖြစ်ပါတယ်။

အသက် ၂၀ သာ ရှိသေးတဲ့ Evan Dimas ဟာ Nike ကုမ္မဏီ ရဲ့ "The Chance" ဆိုတဲ့ ပြိုင်ပွဲတစ်ခုအတွင်း Pep Guardiola ကိုယ်တိုင် ဘာစီလိုနာ အသင်းကိုခေါ်ယူ လေ့ကျင့်ပေးဖို့ ရွေးချယ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ပြည်တွင်း နာမည်ပြောင်ကတော့ Anak Ajaib ဖြစ်ပြီး အင်ဒိုနီးရှားဘာသာစကား အရ အံ့ဖွယ်ကလေး လို့ အဓိပ္ပာယ်ရပါတယ်။

ထိုင်း အသင်းနဲ့ အင်ဒိုနီးရှား အသင်းတို့ဟာ ၂၀၁၅ ခုနှစ် ဆီးဂိမ်း အမျိုးသား ဘောလုံးပြိုင်ပွဲ ရဲ့ ဆီမီးဖိုင်နယ် ပွဲစဉ် အဖြစ် ၁၃ ရက်နေ့မှာ ယှဉ်ပြိုင်ကျမှာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sport.thithtoolwin.com

Ref : FourFourTwo
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment