တနင်္ဂနွေည ပရီးမီယားလိဂ်ပွဲစဉ်များ သုံးသပ်ချက်
မန်ယူ Vs အာစင်နယ်
မန်ယူက နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲသာ နိုင်ပြီး ၃ ပွဲ ရှုံးထားပါတယ်။ အာစင်နယ်ကတော့ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲ နိုင် ၁ ပွဲ သရေ နဲ့ ၁ ပွဲ ရှုံးထားပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လည်း သေချာနေပြီ ဖြစ်တဲ့ ၂ သင်း လုံးဟာ ဒီပွဲကို သမိုင်းကြွေးတွေအတွက် ပဲ ယှဉ်ပြိုင်ကျမှာ ဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်မယ့် ဒီပွဲဟာ သရေကျနိုင်ခြေများနေပါတယ်။
ဆွမ်ဆီး Vs မန်စီးတီး
ဆွမ်ဆီး အသင်း ဟာ နောက်ဆုံး ၅ ပွဲမှာ ၁ပွဲ ရှုံး ၁ပွဲ သရေ နဲ့ ၃ ပွဲ နိုင်ထားပါတယ်။ မန်စီးတီး ကတော့ ၄ ပွဲနိုင်ပြီး ၁ ပွဲပဲ ရှုံးထားပါတယ်။ နံပါတ် ၂ နေရာက မန်စီးတီး နဲ့ နံပါတ် ၈ နေရာက ဆွမ်ဆီးတို့ဟာ ဒီပွဲမှာတော့ အပြန်အလှန် ဂိုးသွင်းယူပြီး နောက်ဆုံးမှာ သရေပဲ ကျသွားဦးမှာပါ။
Ref : PredictZ
0 comments :
Post a Comment