Powered by Blogger.

Fletcher ဟာ ၃ နှစ်ခွဲ စာချုပ်နဲ့ ပြောင်းရွှေ့လာမယ်ဆိုတာယုံကြည်နေတဲ့ ၀က်စ်ဟမ်းအသင်း


ဝက်စ်ဟမ်း အသက်ဟာ မန်ယူအလယ်တန်း ကစားသမား Darren Fletcher ဟာ ၃ နှစ်ခွဲ စာချုပ် နဲ့ ပြောင်း ရွှေ့လာဖို့ သဘောတူလိမ့်မယ် ဆိုတာကို ယုံကြည်နေပါတယ်။ အသက် ၃၀ နှစ် ရှိနေပြီဖြစ်တဲ့ မန်ယူ ကစားသမား Fletcher ဟာ ၀က်စ်ဘရွန်းနဲ့ ဗလင်စီယာ အသင်းတို့အတွက် လည်း ပစ်မှတ် တစ်ခု ဖြစ်နေပါသေးတယ်။
ဒါပေမယ့်လည်း ၀က်စ်ဟမ်း အသင်းနဲ့ Fletcher တို့ရဲ့ ဆွေးနွေးမှုကတော့ လက်ရှိမှာ အကောင်းဆုံး အနေအထား ကိုရောက်နေပါတယ်။ Fletcher ကိုယ်တိုင်ကလည်း လန်ဒန် အရှေ့ပိုင်း ကလပ်အသင်းရဲ့ ထိပ်ဆုံးလေးသင်း ထဲဝင်နိုင်ဖို့ ကြိုးစားနေမှု ကို ကူညီချင်နေတယ်လို့လည်း သိရပါတယ်။ ၀က်စ်ဟမ်း အသင်းဟာ ရှေ့တန်း တိုက်စစ် အတွက် Ricardo Vaz Te ကို လည်း ခေါ်ယူဖို့ ကြိုးစားနေပါသေးတယ်။ 


Credit : http://www.mirror.co.uk/sport/football/transfer-news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment