Powered by Blogger.

Di Maria နဲ့ စာချုပ်ချုပ်ခါနီးမှာ လွဲချော်သွားခဲ့ဖူး တယ်လို့ အာစင်ဝင်းဂါး ပြော


Di Maria ကို ပြောင်ရွှေ့ကြေးအလွတ်နဲ့ စာချုပ်ချုပ်ခါနီးမှာ လွဲချော်သွားခဲ့ဖူး တယ်လို့ အာစင်ဝင်းဂါးက ထုတ်ဖော်ပြောဆို လိုက်ပါတယ်။ အာဂျင်တီးနား စူပါစတား Di Maria ဟာ လက်ရှိမှာ အသက် ၂၆ နှစ် ရှိပြီဖြစ်ပြီး Lionel Messi ၊ Cristiano Ronaldo ၊ Yaya Toure တို့လိုပဲ နာမည်ကြီးအဆင့် ၀င်တစ်ယောက်ပါ။
 Di Maria ဟာ ရီးရဲ မက်ဒရစ် အသင်းကနေ မန်ချက်စတာ ယူနိုက်တက် အသင်းကို ပြောင်းရွှေ့ကြေး စတာ လင်ပေါင်  ၅၉.၇ သန်းနဲ့ စံချိန် တင်ပြောင်းရွှေ့လာ ခဲ့တာပါ။ အာစင်ဝင်းဂါး ရဲ့ ပြောကြားချက် အရတော့ 
Di Maria အာစင်နယ်ကို ပြောင်းရွှေ့ဖို့ ညှိနှိုင်းဆွေးနွေး စဉ်က Di Maria ရဲ့ အသက်ဟာ ၁၇ နှစ်သာ ရှိသေးပြီး အဆင်မပြေခဲ့ ရတဲ့ အကြောင်း ကတော့ Di Maria မှာ အလုပ်လုပ်ခွင့် ပါမစ် မရခဲ့တဲ့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။
 ထိုအချိန်တုန်းက အာစင်နယ်ဟာ ဗီလာရီးရဲ အသင်း က ဘရာဇီးနိုင်ငံသား နောက်ခံလူ Gabriel Paulista ကို ခေါ်ယူဖို့လည်း ကြိုးစားနေတာဖြစ်ပါတယ်။


Credit : http://www.mirror.co.uk/sport/football/news
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment