Powered by Blogger.

အာစင်ဝင်းဂါးနေရာမှာ ဒေါမွန်နည်းပြဟောင်းတူချယ်နဲ့ အစားထိုးဖို့ပြင်ဆင်နေတဲ့ အာဆင်နယ်


ပရီးမီးယာလိဂ်ထိပ်သီးအသင်းဖြစ်တဲ့ အာဆင်နယ်အသင်းဟာ အာစင်ဝင်းဂါးနေရာမှာ ဒေါ့မန်အသင်းနည်းပြဟောင်း သောမတ်စ်တူချယ်နဲ့အစားထိုးဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။တူချယ်ဟာ ဘိုင်ယန်မြုးနစ်အသင်းရဲ့ကမ်းလှမ်းမှုကိုငြင်းပယ်ခဲ့ပြီးနောက် အာဆင်နယ်နည်းပြဖြစ်လာဖို့ရေပန်းစားနေတယ်လို့သိရပါတယ်။

ဘိုင်ယန်ရဲ့ကမ်းလှမ်းမှုကိုသူငြင်းပယ်ခဲ့ခြင်းဟာ အာဆင်နယ်နဲ့ဆွေးနွေးဖို့စီစဉ်ထားတာကြောင့်ဖြစ်တယ်လို့လည်းဂျာမနီသတင်းတွေမှာဖော်ပြခဲ့ကြပါတယ်။

ဘိုင်ယန်ဟာရာသီကုန်ရင်ဟေးကက်နေရာမှာအစားထိုးဖို့ တူချယ်ကိုခေါ်ယူလိုနေသလို အာဆင်နယ်ကလည်းဝင်းဂါးရဲ့နေရာမှာအစားထိုးဖို့ရည်ရွယ်နေတာဖြစ်ပါတယ်။အသက် ၄၄ နှစ်ရှိတဲ့တူချယ်ကို ချဲလ်ဆီးအသင်းကလည်းစိတ်ဝင်စားနေတယ်လို့သတင်းထွက်နေပါတယ်။

Mocha

#sport.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments :

Post a Comment