Powered by Blogger.

ဘယ်သူမှ ချယ်လ်ဆီးကို မကြောက်ကြဘူးလို့ နည်းပြ Mourinho ပြော




ပေါ်တိုနောက်ခံလူ Marcano ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းဂိုးနဲ့ Willian ရဲ့ ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ ပေါ်တိုကိုအနိုင်ရခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ လက်ရှိချန်ပီယံလိဂ်မှာ အင်အားအနည်းဆုံးဖြစ်ပြီး သူတို့အသင်းနဲ့ ကစားချင်တဲ့အသင်းတွေများနေတယ်လို့ နည်းပြ Mourinho က ပြောပါတယ်။ ချယ်လ်ဆီးဟာ ၁၆ သင်းအဆင့် မှာတော့ ဂျန့် ၊ ရိုးမား ၊ ဘင်ဖီကာ ၊ ပီအက်စ်ဂျီ ၊ ဂျူဗင်တပ် ၊ ပီအက်စ်ဗွီအသင်းတို့နဲ့ ထိပ်တိုက်တွေ့ဆုံဖွယ်ရှိနေတာဖြစ်ပြီး ပြိုင်ဘက်အသင်းတွေဟာ ခြေစွမ်းပိုင်းအရအတော်လေး ကောင်းမွန်နေကြတာကြောင့် Mourinho က အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။

" ကျွန်တော်တို့အသင်းရဲ့ ခြေစွမ်းဟာ ချန်ပီယံလိဂ်ကို စိန်ခေါ်နိုင်လောက်တဲ့အထိ မကောင်းမွန်ပါဘူး။ ဥရောပက အကောင်းဆုံးအသင်းတွေက ဒီမှာရှိနေတာပါ။ ကျွန်တော်တို့အသင်းနဲ့ လူတိုင်းကစားချင်နေကြပါတယ်။ သူတို့ဟာ ဘိုင်ယန် ၊ ဘာစီလိုနာ ၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ ကစားရမှာတော့ ကြောက်တတ်ကြတယ်။ ဒါပေမယ့်လည်း ပေါ်တိုနဲ့ ၂၀၀၄ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲတုန်းက ကျွန်တော်တို့ဟာ ပြိုင်ဘက်ကောင်းမဟုတ်ခဲဘူးလို့ ပြောခဲ့တယ်။ ၂၀၁၀ အင်တာအသင်းနဲ့ ချန်ပီယံလိဂ်ဖလားရတုန်းကလည်း အခုလိုပဲပြောခဲ့တာ။ ကျွန်တော် ပြိုင်ဘက်ကောင်းပါလို့ ပြောခဲ့တုန်းက ဆီမီးဖိုင်နယ်အရောက်မှာ ရှုံးတာပဲ။ ရီးရဲလ်မက်ဒရစ်နဲ့ ချယ်လ်ဆီးအသင်းကို နည်းပြတုန်းကပေါ့ ။ ဒါ့ကြောင့် ဘာတွေဖြစ်လာမယ်ဆိုတာ ခင်ဗျားမသိပါဘူး " လို့ Mourinho က စကားကို ပါးပါးနပ်နပ်နဲ့ ပြောဆိုခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ကောင်းမွန်တဲ့ ကစားပုံကို ပြန်ပြနိုင်ခဲ့ပြီးတဲ့နောက်မှာတော့ ပရီးမီးယားလိဂ်မှာ သူတို့အသင်းပြန်လာနိုင်မယ်လို့ မျှော်လင့်နေပြီး အရှုံးတွေကနေ ရုန်းထွက်နိုင်မယ်လို့ အသင်းသားတွေက ယုံကြည်နေကြပါတယ်။ Mourinho ကတော့ ဘုန်းမောက်အသင်းကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက်မှာ ထိပ်ဆုံးလေးသင်းနေရာအတွက် သူတို့အသင်းက လမ်းကြောင်း သွေဖယ်သွားပြီလို့ ဝန်ခံခဲ့ပါတယ်။ ဒါပေမယ့်လည်း Mourinho က " သချာင်္နည်းနဲ့ တွက်မယ်ဆိုရင် ဖြစ်နိုင်ပါသေးတယ်။ ကျွန်တော်တို့ ပွဲတိုင်းမှာ အမှတ်ပြည့်ရဖို့ ကြိုးစားသွားကြမှာပါ။ အုပ်စုတက်ဖို့ တစ်မှတ်ပဲလိုတာတောင် အနိုင်ကစားနိုင်ခဲ့တာကြောင့် ထိပ်ဆုံးလေးနေရာအတွက်တော့ ဘာလို့ မဖြစ်နိုင်ရမှာလဲ။ ထိပ်ဆုံးလေးသင်းစိန်ခေါ်မှုကို လက်ခံလိုက်ကြစမ်းပါ " လို့ သူ့အသင်းသားတွေကို အားပေးစကားပြောကြားခဲ့ပါတယ်။





(Paing A K)

# သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

Ref : Goal.com
Share on Google Plus

About Staff Writer

သစ်ထူးလွင် အားကစားဆိုဒ်သည် မြန်မာနှင့် ကမ္ဘာ့အားကစား သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ အားကစားကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

1 comments :

  1. The ED Miracle Review

    Drinking water and weight loss have always been two things that MUST go together. You just can't lose weight if you drink too little water or if you get dehydrated by too much caffeine, alcohol or sweating! So drinking water and weight loss is a key combination. But does water MAKE you lose weight? This article offers some amazing facts and tips!

    http://nomorefakereviews.ning.com/articles/the-ed-miracle-ebook-review

    ReplyDelete